အယ်ဒီတာ့ရွာ (၁၂)
ဒီလိုပါ...
၁။ ဒိုင်နိုဆော သတ္တ၀ါကြီးတွေဟာ အတ္တဘော အဆမတန်ကြီးပြီး တစ်ကောင်တစ်ကောင်အတွက် အစာအာဟာရတွေ အများကြီးလိုပါလိမ့်မယ်။ လူသန်း ၃ထောင်နည်းပါးကို ကမ္ဘာက ကျွေးထားနိုင်ပေမဲ့ ဒိုင်နိုဆော တစ်သန်းကို ကျွေးထားဖို့ ကမ္ဘာက မချမ်းသာပါဘူး။ ဒါကြောင့် အစာရေစာ မလုံလောက်မှု၊ မလုံလောက်ရာကနေ ဇာတ်တူသား စားမှု၊ ဒါကြောင့် ဒီကောင်ကြီးတွေ မျိုးတုံးသွားတာ ဖြစ်နိုင်ပါတယ်။
၂။ အတ္တဘော အကြီးဆုံး သတ္တ၀ါတွေ ဖြစ်သလို တစ်ချိန်ထဲမှာပဲ အသိဥာဏ် အနည်းပါးဆုံး သတ္တ၀ါလည်း ဖြစ်နိုင်ပါတယ်။ အသိဥာဏ်ဆိုတာ သတ်ဖြတ်ညှင်းဆဲ တတ်တာကို ဆိုလိုတာ မဟုတ်ဘူး ဆိုတာတော့ ရှင်းပြဖို့လိုမယ် မထင်ပါဘူး။ ရုပ်ရှင်ကားတွေကို ကြည့်ရင် သတ်ဖြတ်ဖို့ အသိတော့ သူတို့မှာ ရှိပါတယ်။ ဒါပေမယ့် မျိုးဆက်ကြီး ရှင်သန်ဖို့ဆိုတာ “သတ်”ရုံနဲ့ မပြီးဘူး မဟုတ်လား။ ဒီနေရာမှာ ကျွန်တော် ဆိုလိုတဲ့ “အသိဥာဏ်”ဆိုတာ ဘယ်လို “survive” ဖြစ်အောင် နေထိုင်ရမယ်လို့ သိတဲ့ အသိဥာဏ်မျိုးပါ။
၃။ အတ္တဘောကြီးကို အသုံးပြုပြီး အခြားသတ္တ၀ါမျိုးကွဲတွေကို နိုင်ထက်စီးနင်း ပြုမူ ဆက်ဆံရင်းနဲ့ သူတို့ဟာ ကမ္ဘာ့ သတ္တ၀ါမျိုးကွဲ (လူအပါအ၀င်) တွေရဲ့ “ဘုံရန်သူ” ဖြစ်လာခဲ့ပြီး အားလုံးရဲ့ ချေမှုန်းတာကို ခံခဲ့ရလို့လည်း ဖြစ်နိုင်ပါတယ်။ နိုင်ထက်စီးနင်း မလုပ်ဘူး ဆိုရင်တောင် သူတို့ လမ်းသွားစဉ် သူတို့လှဲအိပ်လိုက်စဉ်မှာ သေကျေ ပျက်စီးရမဲ့ သတ္တ၀ါ၊ အဆောက်အဦးတွေက အများကြီးပါ။ ဒါကြောင့် ဒီကောင်ကြီးတွေ မျိုးမတုံးခင်မှာ သတ္တ၀ါမျိုးကွဲအားလုံးရဲ့ ဘုံရန်သူ ဖြစ်ခဲ့ရမယ် ဆိုတာကတော့ သေချာပါတယ်။
၎။ ကြီးလွန်းတဲ့ အတ္တဘောကြီးတွေကြောင့် သေးမွှားတဲ့ ကမ္ဘာမှာ နေရာ အခက်အခဲ ရှိလာနိုင်ပါတယ်။ ဒါကြောင့် သဘာဝတရားကြီးက သူတို့ကို စောစောစီးစီး ဖယ်ရှား ပစ်လိုက်တာ ဖြစ်နိုင်ပါတယ်။ “ပေါက်တတ်ကရကွာ”လို့ မပြောကြပါနဲ့။ တရုပ်တစ်ယောက်ကို ဒိုင်နိုဆော တစ်ကောင်နဲ့ စံထိုးကြည့်ပါ။ သန်းတစ်ထောင်ဆိုပါစို့။ တရုပ်ပြည်မှာ ဒိုင်နိုဆောဦးရော သန်းတစ်ထောင် ရှိနေတယ်။ စားစရာ၊ သွားလာ ကျက်စားစရာ အသာထားလို့ သူတို့ ရပ်ဖို့တောင် လုံလောက်ပါ့မလားလို့ စဉ်းစားစရာပါ။
ဒါကြောင့် သဘာဝတရားက သူတို့ကို မရက်စက်ချင်ပဲ ရက်စက်လိုက်ရတာပါ။
ဒီအကြောင်း လေးချက်က ကျွန်တော်ယုံကြည်တဲ့ ဒိုင်နိုဆောကြီးများ မျိုးတုံး ပျောက်ကွယ်ရခြင်းရဲ့ အခြေခံ အကြောင်းတရားများ ဖြစ်ပါတယ်။
ကဲ-ဒါဆို ဒိုင်နိုဆောနဲ့တူတဲ့ သန်းရွှေတို့ကရော။ ဒီကောင်တွေ ဘယ်လောက်ကြအောင် ရှင်သန်နိုင်မှာလဲ။ စဉ်းစားကြည့်ပါ။ အားရစရာကောင်းပါတယ်။
၁။ ဒိုင်နိုဆေနဲ့ အစာ ပြဿနာလိုပါပဲ။ သန်းရွှေတို့စစ်တပ်ဟာ စစ်တပ် စားရိတ်တွေ အဆမတန် လိုအပ်လာနေပါတယ်။ အဓိက,က စစ်တပ်ရဲ့ စားဝတ်နေရေး၊ စစ်တပ် မိသားစုများရဲ့ စားဝတ်နေရေးတွေပါ။ သေနပ်ပြောင်းတွေ အဆင့်ဆင့်ချိန်ထားလို့ မလှုပ်ရဲကြသေးပေမယ့် စစ်တပ်မိသားစုတွေထဲမှာ (ဓါတ်ခဲခွံတွေ အကြီးကြီး ပခုံးပေါ် တင်ထားသူတွေတော့ မပါသေးဘူးပေါ့ဗျာ) ဒီပြဿနာက တစ်နေ့ချင်း ကြီးထွားလာနေပါတယ်။ ဒီပြဿနာကို ဒီကောင်တွေ ဘယ်လောက်ကြာအောင် ထိန်းထားနိုင်မလဲ။
နောက် သူတို့ပြောတဲ့ ကာကွယ်ရေး စာရိတ်။ (ကာကွယ်စရာ ဆိုလို့ ဘာမှ ရှိတာလည်း မဟုတ်ဘူး။ ရီစရာကြီး) နံပါတ်တစ် ကျွန်သစ် ကုန်စပြုနေပြီ။ လောလောဆယ် ကျောက်စိမ်း။ ကုန်မှာပါပဲ။ ရေနံနဲ့ ဓါတ်ငွေ့ အားကောင်းနေသေးတယ်။ ပိုက်ဆံတွေ ဘယ်လောက်ပဲရရ မေတ္တာသုတ် ရွတ်တဲ့ လူထုကို သတ်ဖြတ်လို့ရတဲ့ လက်နက် ဈေးကလည်း ကြီးတာပါပဲ။ ကုန်သွားမှာပါပဲ။
သန်းရွှေကလွဲရင် ကျန်တဲ့ ခပ်ညံ့ညံ့ ဗိုလ်ချုပ်တွေက ဒီပြဿနာကို တွက်ချက်မိပြီးသား ဖြစ်မှာပါ။ သူတို့ ၀ယ်နိုင်တဲ့ လက်နက်က မေတ္တာသုတ်သာရှိတဲ့ လူတန်းစားကို နိုင်ရုံလောက်ပါပဲ။ တကယ်အင်အားရှိတဲ့ စစ်တပ်ကသာ ကျူးကျော်တယ်ဆိုရင် စစ်မကြေညာခင် စစ်ပွဲပြီးသွား ပါလိမ့်မယ်။ ဘာပဲပြောပြော သူတို့ စစ်တပ်ဟာ ဟူစိန်လောက် အားမကောင်းပါဘူး။ မိုက်ရှုးရဲ ဆန်တာလောက်ပဲ ဟူစိန်ထက် သာပါလိမ့်မယ်။
အစာရေဆာ ပမာဏအများကြီးလို၊ လိုတာမရတော့ နောက်ဆုံး ဇာတ်တူသားစား၊ ဒီဇာတ်လမ်းမျိုး မကြာခင် စစ်တပ်ထဲမှာ ဖြစ်လာပါလိမ့်မယ်။ ဒီနည်းနဲ့ စစ်တပ်ဟာ မျိုးတုံးပျောက်ကွယ်သွား နိုင်ပါတယ်။
(ဒါဆိုရင်တော့ ဒိုင်နိုဆောသန်းရွှေဆိုပြီး ဟောလီးဝုဒ်ကို ရုပ်ရှင်သွားရိုက်ရမယ်။)
၂။ အတ္တဘောကြီးသာ ကြီးပြီး ဘယ်လို survive လုပ်ရမယ်ဆိုတာ မသိတဲ့ ဒိုင်နိုဆောတွေလို သန်းရွှေတို့ အုပ်စုလည်း တော်တော်ကမောက်ကမနိုင်တဲ့ ဖြေရှင်းနည်းတွေကို သုံးနေရတာ တွေ့ရပါတယ်။ နိုင်ငံတော် အစိုးရတိုင်းဟာ ပြည်သူလူထုကို အားလုံး အသိပေးလို့ မရဘူး။ ထိပ်တမ်း လျှို့ဝှက်ချက်တွေ ရှိရတယ်ဆိုတာ လူတိုင်း သဘောပေါက်ကြတယ်။ သူတို့ ဖြေရှင်းချက်တွေကလည်း လိမ်တော့ လိမ်တာပေါ့။ ဒါပေမယ့် ယုတ္တိရှိရှိနဲ့ လိမ်တတ်ကြတယ်။ သန်းရွှေတို့ အုပ်စုကျတော့ လိမ်တောင် မလိမ်တတ်လို့ တစ်ကမ္ဘာလုံးက စိတ်ပျက်နေကြရတယ်။ အစိုးရ အချင်းချင်းကတော့ တွေးကြမှာပေါ့။ တော်တော် သောက်ဖျင်းကျတဲ့ အစိုးရလို့။ ဟုတ်လည်း ဟုတ်ပါတယ်။
ဒိုင်နိုဆော မျိုးတုံးပျောက်ကွယ်ခဲ့သလို... အပိုင်း (၂)
Labels: aoab editor
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment