“ ဓူဝံထက်မြင့်တဲ့ကြယ် ”



ငါကတော့မြက်ဖိနပ်နဲ့
ဒါပေမဲ့ မြင့်မိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ ။

ဟိုးမှာ
ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေ ဒူးထောက်လဲကျနေတဲ့သူ
သူ့ကို ကူညီပါရစေဦး ။
ငါ့ရှင်တို့က ဘာလဲ
ငါကဘာလဲ ၊ နာမည်တွေမြေကြီးပေါ်ပစ်ချပြီး ၊
လှလှပပ ပြိုင်ရဲပါတယ်
တစ်နေ့နေ့တော့ တွေ့ကြမယ် ။
နှစ်ဖက်သွား ဓါးတစ်လက်လို
ပျိုးးပြက် ၀င်းဖိတ်
သုညရမှာလည်း ငါမှေးအိပ်ခဲ့ပြီးပြီ ။
အိမ်အပြန်လမ်း
အမေနဲ့တွေ့မှ နမ်းမယ့်
ငြိမ်းချမ်းနှင်းဆီ
ငါ့ရင်ဘတ်မှာ သွေးစက်တို့နီနေတယ် ။
ချစ်သူလေးရေ
မြို့တံခါးကိုဖွင့် ၊
မီးအိမ်တို့နှင့် အတူကြိုပါ ၊
လရောင်စက် တဝေေ၀နဲ့
သင့်ရဲ့ နွေရာသီ မြင်းစီးခရီးသည်
ဓူဝံထက်မြင့်တဲ့ကြယ်ကို
ခူးယူလာမှာပေါ့ကွယ် ။
(တာရာမင်းဝေ)

အပြည့်အစုံဖတ်ရန်...

သံဃာအတုဟုဆိုရာတွင် . . . . .



ယနေ့မြန်မာနိုင်ငံတွင် စက်တင်ဘာလက ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သောသံဃာများ သည် သံဃာအတုများသာဖြစ်သည်ဟု သာသနာရေးဝန်ကြီးမှ နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင် ဆရာတော်ကြီးများအား လျှောက်ထားခဲ့ရာမှ - “သံဃာအတု” ဟူသောကိစ္စရ့ပ်တွင် -

(၁) မြန်မာနိုင်ငံတွင် စက်တင်ဘာလဆန္ဒဖော်ထုတ်ပွဲများတွင် ပါဝင်ခဲ့သော သံဃာထုများကို TV များမှလည်းကောင်း ၊ Internet မှလည်းကောင်း ၊ တစ်ကမ္ဘာလုံးတွေ့မြင်ခဲ့ရ ပါသည်။ ထိုမျှလောက်များပြားသော သံဃာများကို “သံဃာအတု”ဟုစွပ်စွဲပါက မြန်မာနိုင်ငံကဲ့သို့ ထေရ၀ါဒဗုဒ္ဒဘာသာနိုင်ငံတော်တွင် သံဃာအတုများထိုမျှလောက် များပြားနေခြင်းကို နိုင်ငံတော်၏ စုံစမ်း ၊ ထောက်လှမ်း ၊ စစ်ဆေးရေးအဖွဲ့ဝင်များအနေဖြင့်သော်လည်းကောင်း၊ သာသနာရေးဝန်ကြီးဌာန အနေဖြင့်သော်လည်းကောင်း၊ နိုင်ငံတော် ၊ တိုင်း ၊ ပြည်နယ် ၊ မြို့နယ် ၊ ရပ်ကွက် များမှသံဃာ့နာယကအဖွဲ့ဝင်များ နှင့် သက်ဆိုင်သူများမှ မသိရှိခဲ့ကြခြင်းမှာ လွန်စွာဆိုးဝါးသဖြင့် သံဃာအတုဟု စွပ်စွဲခြင်းမှာ သာသနာရေးဝန်ကြီးအနေဖြင့် ငရဲကြီးမည့်ကိစ္စသည် နောက်မှထား ၊ ယခု လောလောဆယ် မိမိညံ့ဖျင်းကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည့်နှယ် ဖြစ်ပါ သည် ။

(၂) တရားတော်အရစဉ်းစားလျှင်လည်း ၊ “အတု” ဟုအယောင်ဆောင်သူများသည် ၄င်းတို့ ဖာသာ ငရဲမကြောက် ၊ သံသရာမကြောက်သောကြောင့် အတုအယောင်ဆောင် ကြခြင်းဖြစ်ပေသည် ။ ထိုမျှလောက်များပြားလှသော သံဃာများကို အတုအစစ်သေချာ မခွဲခြား နိုင်ဘဲ (မခွဲခြားတတ်ဘဲ) အတုကငရဲမကြောက်သောကြောင့် တုပရဲခြင်းကို မိုက်ရဲ ၊ ရိုက်ရဲ ၊ သတ်ရဲ ၊ ဖြတ်ရဲသောသူများကပါ မိမိအကျိုး ၊ မိသားစုအကျိုးမပါဘဲ အတူငရဲ လိုက်ယူကြခြင်းမှာ အံ့သြဖွယ်ကောင်းပါသည် ။ (သို့သော် ၄င်းရိုက်ရဲ ၊ သတ်ရဲ သူတို့ကို နအဖ အစိုးရကချီးမြှောက်ပြီး ၊ မိသားစုအကျိုး ၊ မိမိအကျိုးရနေကြ သော်လည်း . . . . နောင်တမလွန်တွင် မိမိသာခံစားရမည်ဖြစ်သည်ကို မမေ့သင့်ပါ ။ အတူတကွစည်းစိမ် ခံစားခဲ့သောမိသားစုဝင်များ တစ်ဦးတစ်ယောက်ကမျှ မိမိကိုယ်စား ငရဲလာခံပေးမည် မဟုတ်သည်ကို သတိချပ်သင့်ပါသည် ။)

(၃) တစ်နည်းစဉ်းစားပြန်လျှင်လည်း သံဃာအတုများပါ ဆန္ဒဖော်ထုတ်ပွဲတွင် အစစ်များ နောက်ကသော်လည်းကောင်း ၊ အတုချည်းအားလုံးသော်လည်းကောင်း ၊ ဖြစ်နေပါ စေဦး၊ အဆိုပါသံဃာအတုများသည် မင်းမဲ့စရိုက်ဆိုးသွမ်း ဖျက်စီး၊ ခိုးဆိုးလုယက်နေကြခြင်းမဟုတ်ပါ ။ ထိုသို့မင်းမဲ့စရိုက် လျှောက်လုပ်နေခြင်း ထက်ဘုရား၏အရေတော်သင်္ဃန်းရုံပြီး ၊ သံဃာတော်အစစ်များနှင့်အတူ မေတ္တာသုတ် ရွတ်ဆိုသည့်နောက်တွင်(မေတ္တာသုတ် မရသည့်တိုင် အရပ် ၁၀ မျက်နှာသို့ မေတ္တာ ပို့ပြီးသွားနေခြင်း) အေးချမ်းစွာလိုက်ပါနေခြင်းကိုပင် ကျေးဇူးတင်သင့်ပါသည် ။

(၄) တိုင်းပြည်အုပ်ချုပ်နေသော သူများသည်ပင် ငါးပါးသီလမှမလုံ ၊ လောဘ - အလိုကြီး ခြင်း၊ ဒေါသ - အမျက်ကြီးခြင်း ၊ မာန - ထောင်လွှားခြင်း ၊ မာယာ - လှည့်ပတ်ခြင်း ၊ သာဌေယျ - ဟန်ဆောင်ခြင်း ၊ မက္ခ - ကျေးဇူးမဲ့ခြင်း ၊ ပဋာသ - ဂုဏ်ပြိုင်ခြင်း ၊ အဂတိ တရား (၄) ပါး - (က) ချစ်သောကြောင့် မတရားလုပ်ခြင်း ၊ (ခ) မုန်းသောကြောင့် မတရားလုပ်ခြင်း ၊ (ဂ) ကြောက်သောကြောင့် မတရားလုပ်ခြင်း ၊ (ဃ) မသိသော ကြောင့် မတရားလုပ်ခြင်း ၊ ဣသာ - သူတပါးအပေါ် မနာလိုခြင်း ၊ မေစ္ဆရိယ - ၀န်တို ခြင်း၊ စသောဂုဏ်ပုဒ်များနှင့် ပြည့်စုံနေလျှင် ၊ စစ်အစိုးရနှင့်ယှဉ်လျှင် သံဃာအတု အယောင်ဆောင်ခြင်းဟူသော သာဌေယျပုဒ်တစ်ခုကျူးလွန်သည် ဆိုစေဦးတော့ မနှိုင်းသာအောင် သေးဖွဲလွန်းနေသေးသည် ။

စန္ဒာ

အပြည့်အစုံဖတ်ရန်...

25/12/2007 sinagpore မှာ သီတဂူ ဆရာတော်ကြီးဟောကြားတော်မူခဲ့သော “လူမိုက်တွေကိုပဲ စည်းရုံးကာ နေတော့မယ်” တရားတော် VCD

Provide by : AOAB Video

အပိုင်း(၁)



အပိုင်း (၂)

အပြည့်အစုံဖတ်ရန်...

ကျွန်တော်နှင့် ဆင်ဖမ်းကျားဖမ်းမည့်သူများ .....အပိုင်း (၂)

အယ်ဒီတာ့ရွာ (၁၄)


ကျွန်တော့် ခေါင်းစဉ်ကို ပြန်ဆက်ပါ့မယ်။
ပထမအုပ်စုကတော့ ဝေလေလေအုပ်စုပါ။ ဒီမိုကရေစီရလို့ နိုင်ငံတော်ရဲ့ စီးပွားရေး ဦးမော့လာပြီဆိုရင် ဆွေမျိုး အသိုင်းအ၀ိုင်းလဲရှိ၊ ယဉ်ကျေးမှုနဲ့ ဘာသာအမွေအနှစ် တွေနဲ့ကလည်း အလျံအပယ်မို့ မြန်မာပြည်ကို ပြန်နေကြမယ်လို့ စိတ်ကူးထားကြပါတယ်။ အဲဒီ စိတ်ကူးအကောင်အထည် ဖော်ဖို့ကြတော့ ဘာမှ ပါဝင် ပူးပေါင်းမှု မလုပ်ကြပါဘူး။ ဒါကလည်း ပုဂ္ဂလိက ခံယူချက်မို့ ကျွန်တော်အနေနဲ့ ဘာမှ ၀င်ပြောပိုင်ခွင့် မရှိပါဘူး။

ဒီအုပ်စုကို ကျွန်တော် ဆောင်းပါးထဲ ထည့်ရေးဖို့ကိုကျတော့ နေရာမရှိဘူး ဖြစ်နေပြန်ပါတယ်။ ဒီအုပ်စုက အငြိမ်ကြိုက်မို့ ငြိမ်ငြိမ်ပဲ နေကြပါစေ။ နေပေါ့။ သူတို့လည်း သူတို့ တဏှာ၊ မာန၊ အ၀ိဇ္ဇာနဲ့ သူတို့။ ကိုယ်လည်း ကိုယ့် တဏှာ၊ မာန၊ အ၀ိဇ္ဇာနဲ့ကိုယ်။

ကျွန်တော်ပြောချင်တာက ဒုတိယအုပ်စုပါ။ သူတို့ကို “ဆင်ဖမ်းကျားဖမ်း အုပ်စု”လို့ နာမည်ပေးထားပါတယ်။ သိရသလောက်တော့ ဒီအုပ်စုဟာ အဆင့်မြင့်မြင့် ပညာတတ်တွေပါ။ မျိုးချစ်စိတ်လဲ ရှိပြီး သူတို့ မျိုးချစ်စိတ် ဘယ်လောက်ရှိကြောင်းကိုလည်း သူတို့ နီးစပ်ရာ အသိုင်းအ၀ိုင်းထဲမှာ ချပြလေ့ ရှိကြပါတယ်။ လူနေမှု အဆင့်အားဖြင့်လည်း အကြောင့်မကျ နေနိုင်ကြပြီး သူတို့ ၀န်းကျင်မှာ ဆရာကြီးတွေ ဖြစ်နေကြသူတွေလည်း ဖြစ်ပါတယ်။ ခက်တာက သူတို့ ဦးနှောက်ကို လိုက်လျောညီထွေ လျော့ပေါ့ပြီး မသုံးကြခြင်းပါပဲ။ သူတို့ ပြောနေကျ စကားက “ဒီကောင်တွေကို လက်နက်နဲ့ ချမှရမယ်။ ပျဉ်းမနားက သန်းရွှေအိမ်ကို F16 နဲ့ ဗုံးသွားကျဲရမယ်။ ဘာမှ လုပ်မနေကြနဲ့။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။”

ဒီလိုစကားတွေနဲ့ ဒီလို ဆင်ဆင်တူ စကားတွေ ပြောလေ့ ရှိကြပါတယ်။

အားလုံး အဆင်သင့် ဖြစ်နေပြီဆိုရင်တော့ F16ကို မောင်းပြီး ဇင်ဝေသော် ကိုယ်တိုင် အသေခံ ဗုံးသွားကြဲပါ့မယ်။ (လူကြား ကောင်းအောင် ပြောနေတာ မဟုတ်ပါဘူး။) အသေခံလေယာဉ်မောင်း (၅၀)ရအောင်လည်း တာဝန်ယူပါတယ်။

ဒီအဆင့်ကို ကျွန်တော်တို့ ရောက်နေပြီလား။ ဒီအဆင့်ကို ရောက်အောင် ဘာတွေ ဆက်လုပ်ကြရမလဲ။ ဒါက ပြဿနာပါ။ ဒီ “ဆင်ဖမ်းကျားဖမ်း”အုပ်စုက မျိုးချစ်စိတ်လည်း တကယ်ရှိ ကိုယ့်ယုံကြည်ချက်ကိုလည်း အနစ်နာခံပြီး အကောင်အထည်ဖေါ်မယ်ဆိုရင် ပြည်သူတစ်ရပ်လုံးရဲ့ ဟီးရိုးကြီးတွေပဲပေါ့။ ဒါပေမယ့် “ဆင်ဖမ်း၊ ကျားဖမ်း”ဆိုပြီး တိရိစ္ဆာန်ရုံထဲက ဆင်တွေ ကျားတွေကို ခဲနဲ့ ပေါက်ရုံနဲ့တော့ အလုပ်ဖြစ်ဦးမယ် မထင်ပါဘူး။ ကိုယ်အိမ်ထဲကနေ ဆင်တွေ၊ ကျားတွေကို စောင့်ဖမ်းဖို့ ဆိုတာကလည်း “ကျောက်ခေတ်” မဟုတ်တော့တဲ့အတွက် အလုပ်မဖြစ်နိုင်ပြန်ပါဘူး။ ဒီတော့ ဆင်ဖမ်းကျားဖမ်းဖို့ တောနက်နက်ထဲကို အရင်သွားရပါလိမ့်မယ်။ ဆင်ကျားမဖမ်းခင် ငှက်ဖျားရောဂါလည်း အရင် ရနိုင်ပါသေးတယ်။

ထားပါတော့။ လမ်းချော်သွားပါလိမ့်မယ်။

ဒီလိုကြီးကျယ်တဲ့ စိတ်ကူးရှိရင် ပထမဆုံး အိမ်ထဲကတော့ ထွက်ခဲ့ရပါမယ်။ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ စကားပြောကြည့် ဆွေးနွေးကြည့် ရပါဦးမယ်။ သူတို့နဲ့ စိတ်ရောကိုယ်ပါ ပူပေါင်းရပါ့မယ်။ “ဒီလူတွေရဲ့ စိတ်ဓါတ်ကို သိပ်မကြိုက်လှဘူး။” “ဒီလူတွေက နေရာမပေးဘူး။” ဒီလိုလား? ဒါဆိုရင်တော့ “ဆင်ဖမ်း၊ ကျားဖမ်း” ကိစ္စကို လက်လျော့လိုက်ပါတော့။ ပုဂ္ဂလိက အမြင်ခြင်း မတိုက်ဆိုင်တာနဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ဘာမှ မဆိုင်ပါဘူး။ ဘယ်လို ပညာတတ်ကြီးပဲဖြစ်ဖြစ်၊ ဘယ်လောက် ခန်းနားထည်ဝါတဲ့ ဘ၀ကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ဖြစ်၊ အခုမှ လှုပ်ရှားမှုထဲကို ၀င်လာတဲ့ လူတစ်ယောက်ကို လက်ရှိအဖွဲ့တွေက နေရာပေးကြဦးမှာတော့ မဟုတ်ပါဘူး။ ကိုယ်က ဦးဆောင်ပြ၊ စွန့်လွှတ်အနစ်နာခံပြ ဆိုတော့မှ လူတိုင်းက ယုံကြည် စိတ်ချ အားကိုးလာကြမှာပါ။ နေရာတစ်ခုလည်း ရလာမှာပါ။ ဒီတော့မှသာ မိမိရဲ့ ဆင်ဖမ်း ကျားဖမ်း အစီအစဉ်က စတင်နိုင်မှာပါ။ ဒီနေ့ အခြေအနေမှာ “ပေးလို့ရတဲ့ ခေါင်းဆောင်မှု”ဟာ အလုပ်မဖြစ်ပါဘူး။ “လုပ်ပြပြီးလို့ ရယူထားတဲ့ ခေါင်းဆောင်မှု”ကသာ အလုပ်ဖြစ်ပါတယ်။

ကျွန်တော်တို့ကလည်း ကျွန်တော်တို့ တင်ပေးမှ ခေါင်းဆောင်ဖြစ်မယ့် ခေါင်းဆောင်ကို မလိုချင်ပါဘူး။ သူ့ဖာသာ ရုန်းကန်ရင်း၊ အနစ်နာခံရင်းနဲ့ မသိမသာနဲ့ ဖြစ်လာတဲ့ True Leader ကို လိုချင်ပါတယ်။

ပိုက်လိုင်းထဲကနေ အဆင်သင့် ထွက်လာတဲ့ရေကို မလိုချင်ပါဘူး။

ကိုယ့်ကမ်းကို ကိုယ်တူးပြီး စီးဆင်းလာတဲ့ ရေကို လိုချင်ပါတယ်။

ဒါဟာ လတ်တလော ကျွန်တောတို့ လူ့အဖွဲ့အစည်းက လိုအပ်နေတဲ့ လူမျိုးပါ, ခေါင်းဆောင်မျိုးပါ။

ကျွန်တော်ကတော့ “ဆင်ဖမ်းကျားဖမ်း” ကိစ္စဟာ တကယ်လုပ်ကြရင် ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ လွယ်တော့ မလွယ်ဘူးပေါ့။ အမေရိက အခြေစိုက်၊ ဥရောပ အခြေစိုက်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား အခြေစိုက် စတဲ့ မြန်မာတွေ အားလုံး စုစည်းပြီး ဖွဲ့စည်းနိုင်ရင် သိပ်အားကောင်းတဲ့ အဖွဲ့ကြီး ဖြစ်လာနိုင်ပါတယ်။ လက်တွေ့တော့ လုပ်ပြရမှာပေါ့။ လုပ်မပြရင် ဘယ်သူမှ လှူမှာ မဟုတ်သလို, လှူပြီးသားငွေတွေက ပျောက်ကုန်ရင်လည်း လှူရတာနဲ့တင် “လူအ”ကြီးတွေ ဖြစ်နိုင်ပါသေးတယ်။

အကျိုးရှိရှိနဲ့ နိုင်ငံအတွက် သေပေးရမယ်ဆိုရင် အသေခံမဲ့လူတွေ အများကြီးပါ။ ဝေလေလေ အုပ်စုကလွဲရင် တော်တော်များများ လုပ်ဖို့ ဆန္ဒရှိကြပါတယ်။

သေနပ်မောင်းတင်ထားတဲ့ အမူးသမား စစ်သားကို ခဲနဲ့ပေါက်ပြီး ရင်ဘတ်အပွင့်မခံရဲ ကြပေမယ့်, သေနပ်ခြင်း၊ ဗုံးခြင်း၊ ဗုံးကြဲလေယာဉ်ခြင်းဆိုရင်တော့ အားလုံးလိုလိုဟာ ရယ်ဒီ ဖြစ်နေကြပါတယ်။

ဒါဆို F16 ကိုယ်ကသာ သေသေသပ်သပ်လုပ်နိုင်ရင် ခြုံပုတ်ကြီးတို့က Discount နဲ့တောင် ပေးပါလိမ့်မယ်။ မယုံမရှိပါနဲ့။ ဒီကိစ္စမျိုးကို အားပေးတဲ့အကြောင်း အတိတ်သမိုင်း စာမျက်နှာတွေထဲမှာ ရှာဖတ်နိုင်ပါတယ်။

ကျွန်တော်တို့အတွက် “ခြုံပုတ်ကြီး”တို့က F16 ပေးတယ်ဆိုရင် ပေါက်ဖော်တို့၊ ကြက်ဥပူတင်းတို့ကလည်း မကောင်းဆိုးဝါးကို လက်နက်ပေးလိုက်ကြဦးမှာပါပဲ။ မတူတာဆိုလို့ မကောင်းဆိုးက ဒီလက်နက်တွေကို Discount နဲ့မရပဲ Double Price နဲ့ ၀ယ်ယူရမှာ။ ဒါပဲထူးပါတယ်။ ကိုယ့်အာဏာ တည်မြဲဖို့၊ ကိုယ့်လူမျိုးကို ပြန်သတ်ဖို့ မကောင်းဆိုးဝါးတွေကလည်း Double မကလို့ Triple Price နဲ့လည်း ၀ယ်ကြမှာပါပဲ။

ဒါဆို အမေရိကန် အားပေးမှုနဲ့ တရုတ်၊ ရုရှားအားပေးမှု ထိပ်တိုက်တွေ့နိုင်ပါတယ်။ သူတို့ခြင်း ထိပ်တိုက်တွေ့လာ နိုင်ပါတယ်။ စိတ်ကူးယဉ် မဟုတ်ပါဘူး။ ပိုလန်မှာလည်း ဒီအတိုင်းပါပဲ။ ဒါဆို ပွဲက ကြည့်ကောင်းလာမှာပါ။

ပြည်ပရောက် မြန်မာတွေက လေကြောင်းကိစ္စကို ဖြေရှင်းနိုင်တယ်ဆိုရင် ပြည်တွင်းက လူမျိုးစု လွတ်မြောက်ရေးတပ်တွေကလည်း သူတို့ အပိုင်းကနေ ပါဝင်လာကြမှာပါ။ သူတို့ကို ကြိုတင်စည်းရုံးနေစရာ မလိုပါဘူး။ နေပြီဒေါ် ကို ပြာမှုံတွေနဲ့ ရီဝေသွားပါစေ။ သူတို့ကို လက်တွဲကြဖို့သာ မေတ္တာရပ်ခံလိုက်ပါ။ အားလုံး လက်တွဲလာကြမှာပါ။ နေပြီဒေါ်ကို ပြာချပစ်နိုင်ခဲ့တယ်ဆိုပြီး အပေါ်စီး လေသံနဲ့တော့ သွားမလုပ်နဲ့ပေါ့။ သေရမှာ မကြောက်တဲ့ တိုင်းရင်းသားတွေက မြန်မာတွေထက် များပါတယ်။ တော်လှန်ရေး သက်တမ်းလဲ ပိုပြီးတော့ ရင့်ကြပါတယ်။

အဲသလောက်ဆိုရင် ဆင်ဖမ်းကျားဖမ်းလို့ ရပါပြီ။

၁။ အနီးကပ်ဆုံး အဖွဲ့အစည်းနဲ့ ပူးပေါင်း။ သူတို့ ယုံကြည်အားကိုမှုကို ရအောင်ယူ။ ကိုယ်ပိုင် အတ္တ၊ မာနတွေကို လျော့ချ။ စည်းရုံးရေး စွမ်းရည်မြှင့်။

၂။ ပြည်ပ အခြားနိုင်ငံရှိ အဖွဲ့အစည်းတွေနဲ့ စုပေါင်း။ တိတိကျကျ ရှေ့က လုပ်ပြ။ စာရင်းအင်းနဲ့ ရံပုံငွေ ရအောင်ကောက်။

၃။ အမေရိကကို လက်သိပ်ထိုး လေယာဉ်ရောင်းဖို့ ချဉ်းကပ်။ အသေခံလူငယ်တွေကို သင်တန်းပေးဖို့ အကူအညီတောင်း။

၎။ နေပြီဒေါ်နဲ့ လေတပ်စခန်းတွေကို ညတွင်းချင်း ဗုံးကြဲ။

၅။ စာပို့သမားကို မကြိုဆိုတော့တဲ့ ကြည်းတပ်တွေကို ပူးပေါင်းဖို့ မေတ္တာရပ်၊ တိုင်းရင်းသားတွေကို ပူးပေါင်းကြဖို့ လေယာဉ်နဲ့ စာတွေကြဲ။

၆။ အတ္တမာနတွေနဲ့ မရောတဲ့ ခေါင်းဆောင် စစ်စစ်တစ်ယောက်ကို တရားဝင်ရွေးခြယ်။

ပြီးပါပြီ။

စိတ်ကူးယဉ် ဆန်လွန်းသွားသလား။

အိမ်ထဲကနေ ဆင်ဖမ်းကျားဖမ်းတာထက်တော့ ပိုပြီးတော့ လက်တွေ့ကျပါတယ်။ မလွယ်တာက လွဲရင် ဖြစ်လည်း ဖြစ်နိုင်ပါတယ်။

ဆင်ဖမ်းကျားမဖမ်းချင်တာပဲ, ဒီလောက်တော့ လုပ်ရမှာပေါ့။

(ဝေလေလေ အုပ်စုကလွဲရင် နောက်နေ့ ဆက်ပါ့မယ်)

ဇင်ဝေသော်

အပြည့်အစုံဖတ်ရန်...

ကျွန်တော်နှင့် ဆင်ဖမ်းကျားဖမ်းမည့်သူများ .....အပိုင်း (၁)

အယ်ဒီတာ့ရွာ (၁၄)
ရွှေရောင်လင်းလက်နဲ့ ချီခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးကလည်း မပြီးသေးတဲ့ ပန်းချီကားတစ်ချပ် ဖြစ်နေဆဲ။ နအဖ စစ်အစိုးရကလည်း လက်ကျန်ကောက်ရိုးတစ်မျှင် နှစ်မျှင်နဲ့ သံရည်ကြိုဖို့ ကြိုးစားနေဆဲ၊ ပြည်တွင်း သန်းငါးဆယ်ကျော် လူထုကြီးကလည်း ခေတ်မှီ ကမ္ဘာကြီးနဲ့ အလှမ်းဝေးကွာကာ နိုးတစ်ဝက် အိပ်မက်နဲ့ မှုံဝေရီတွေနေဆဲ။ ပြည်ပ ကမ္ဘာအစိုးရတွေကလည်း (ပေါက်ဖော်၊ ပန်ချာပီ၊ ကြက်ဥပူတင်းတို့ကလွဲရင်) ဖိအားတွေ ဆက်တိုက် ပေးနေဆဲ။ ...နေဆဲ၊ ...နေဆဲ။

ပြည်ပရောက်မြန်မာတစ်ချို့ကလည်း အမျိုးသားရေးစိတ်ဓါတ်ပြင်းပြင်းတွေ ကျဆင်းမသွားရအောင် ကြိုးစားဆဲ။ တွန်းအားပေး စည်းရုံး လှုပ်ရှားနေကြဆဲ။ ဒီလို အကြပ်အတည်းကာလမှာ ကျွန်တော့်ဘေး ၀န်းကျင်က မြန်မာတွေကို ငဲ့စောင်းကြည့်လိုက်မိတော့...

၁။ တစ်ချို့က လွတ်လပ်ရေးကိုတော့ လိုချင်ပြီး လွတ်လပ်ရေးရဖို့ထက် မိမိတို့ မိသားစုလေးတွေကို ဆွဲထုတ်ဖို့ ပုဂ္ဂလိကဆန်ဆန် ခပ်ကျဉ်းကျဉ်း အမြင်နဲ့ နေ့ညမနား ကြိုးစားနေကြတယ်။ (ဒီလိုလူမျိုးတွေချည်းပဲ ဆိုရင်တော့ မြန်မာပြည်နဲ့ လွတ်လပ်ရေးဟာ ရွှေပြည်တော် မျှော်တိုင်းဝေး...။

၂။ တစ်ချို့ကျတော့ လက်တွေ့ကျတဲ့ အလုပ်တစ်ခုခုကို အမျိုးသားရေး လှုပ်ရှားမှုအတွက် ပါဝင်နေရမဲ့အစား နေပြည်တော်ကို ဗုံးသွားကြဲဆိုပြီး ဆင်ဖမ်းကျားဖမ်း လေလုံးကြီးတွေနဲ့ လူကြားကောင်းအောင် ပစ်နေကြပြန်တတ်သေးရဲ့။

၃။ တစ်ချို့က Sleeping Patron တွေလုပ်ပြီး လိုအပ်တဲ့ အကူအညီကိုတော့ ပေးကြတယ်။ လူကိုယ်တိုင် ရှေ့ထွက်လာဖို့နဲ့ ကြည့်လို့မြင်ရတဲ့ အကြောင်းပြချက်တွေတော့ ရှိသပေါ့။ အကြောင်းပြချက် ဆိုတာကလည်း ခရစ္စမတ်ကာလ Discount နဲ့ ခပ်ဆင်ဆင်ပါပဲ။

၎။ သူတို့ အုပ်စုကတော့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်ချင်တဲ့ အုပ်စု၊ ဘာမှ မဖြစ်ဘူး ဆိုရင်တောင် နိုင်ငံနဲ့ လူမျိုးအတွက် တစ်ခုခု လုပ်ပေးနိုင်ခဲ့တယ်။ တစ်ချိန်ချိန်မှာ နိုင်ငံတော်ကြီးက အသီးအပွင့်တွေ ဝေေ၀မြိုင်မြိုင်ကြီး စည်ပင်လာပြီဆိုရင် အဲဒီ အသီးအပွင့်တွေကို လိပ်ပြာသန့်သန့်နဲ့ မျှဝေခံစားချင်တယ် ဆိုတဲ့ ဆန္ဒမှန်တွေနဲ့။ သူတို့ဟာ လက်တွေ့လုပ်ပိုင်ခွင့်ထဲကနေ တတ်နိုင်သမျှ ကြီးကြီးငယ်ငယ်မရွေး ကြိုးစား လုပ်ဆောင်နေကြတယ်။ အမျိုးသားရေး စိတ်ဓါတ်ကို မီးစာထိုးပေးနေကြတယ်။

ပြည်ပရောက် မြန်မာတွေကို ကြည့်ရင် အကျမ်းဖျင်း ဒီလေးမျိုးတွေ့လိုက်ရပါတယ်။

ဒါတွေကို မပြောခင် ကျွန်တော်မေးချင်တဲ့ မေးခွန်းလေးတွေကို မေးပါရစေ။

* နိုင်ငံရေးလုပ်တာနဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု လုပ်တာ အဓိပ္ပါယ်တူပါသလား။ မတူဘူးလား။
* မတူဘူးဆိုရင် မတူဘာက ဘာလဲ?

(ကျွန်တော့် ဆောင်းပါးကို ဆက်မဖတ်ခင် ဒီမေးခွန်းကို ဖြေကြည့်ကြဖို့ ကျွန်တော် တောင်းပန်ပါတယ်။)

ကျွန်တော့်ကို ကျိန်ဆဲလိုက်ပါ။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားတာနဲ့ နိုင်ငံရေးလုပ်တာ လုံးဝမတူပါဘူး။ မတူရုံတင် မကပါဘူး။ တိုက်ရိုက်ဆန့်ကျင်ပါတယ်။ ဥပမာ ပေးပါ့မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်မြောက်ရေး ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကြည့်တဲ့ ရှုထောင့်က အချိုးမပြေရင် တစ်သားထဲ မြင်ရတတ်ပါတယ်။

* နိုင်ငံရေး လုပ်သူဟာ ရယူလိုမှု ဆီကလာပြီး
* အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားသူဟာ စွန့်လွှတ် အနစ်နာခံမှုဆီကနေ လာခဲ့ပါတယ်။

ခေတ်ပြိုင် သာဓက တစ်ခုထပ်ပြပါရစေ။

ဦးအောင်ဇေယျရဲ့ ငယ်ကျွန်၊ မန်ချက်စတာစီးတီး ဘောလုံးအသင်းပိုင်ရှင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ဟာ နိုင်ငံရေးလုပ်သူပါ။

ဦးဂမ္ဘီရ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ဟာ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားသူတွေပါ။

သူတို့ ပိုင်ဆိုင်မှုတွေကို ကြည့်လိုက်ပါ။ မစ္စတာသက်ဆင်က မီလျံနာ ဖြစ်နေပြီး ကျန်တဲ့ လူသုံးဦက အကျဉ်းထောင်ထဲမှာပါ။

ဦးဂမ္ဘီရတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့အုပ်စုကို ကျေးဇူးပြုပြီး နိုင်ငံရေးသမားလို့ မမြင်လိုက်ကြပါနဲ့။ သူတို့ဟာ အမျိုးသား လွတ်မြောက်ရေးအတွက် လူတော်တော် များများ မလုပ်ရဲတဲ့ အလုပ်တွေကို အသက်စွန့်ပြီး လုပ်နေသူတွေ ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ နိုင်ငံတော် စည်ပင်ပြန့်ပြောလာရင် အခွင့်အရေး ၀င်ယူဖို့လည်း သူတို့ စိတ်ကူးထဲမှာ မရှိပါဘူး။ ဒါကြောင့် “နိုင်ငံရေးသမားတိုင်းကို မယုံဘူး”ဆိုတဲ့ လက်သုံးစကားတွေနဲ့ ဒီနေ့ အမျိုးသားရေးလှုပ်ရှားမှုကို မျက်ကွယ်မပြု မိကြဖို့ တောင်းပန်ချင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ လုပ်နေရတဲ့ အလုပ်ဟာ နိုင်ငံရေး မဟုတ်သေးပါဘူး။ အမျိုးသားလွတ်မြောက်ရေးပါ။

စစ်အစိုးရမရှိတော့ဘူး။ ဖမ်းဆီးသတ်ဖြတ်မဲ့ အန္တရာယ်လည်း မရှိတော့ဘူး ဆိုရင် နိုင်ငံရေး လုပ်ချင်သူတွေ ရှေ့တက်လာပါလိမ့်မယ်။ အဲဒီအခါကျမှသာ ခင်ဗျားတို့ မဟာဦးနှောက်ကြီးကို အသုံးပြုပြီး ဝေဖန်ကြပါတော့။ ကျေးဇူးပြုပြီး နိုင်ငံရေးနဲ့ အမျိုးသားလွတ်မြောက်ရေးကို ကွဲအောင် ကြည့်ပေးကြပါ။ ကျွန်တော်တို့ ညီညွတ်ကြမှ ရပါလိမ့်မယ်။

ဇင်ဝေသော်

အပြည့်အစုံဖတ်ရန်...

လက်

အယ်ဒီတာ့ရွာ (၁၃)


“လက်”ဆိုတာနဲ့ ပတ်သက်ပြီး တောင်တွေ၊ မြောက်တွေ၊ တွေးကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စာတစ်တန်, ပေတစ်ဖွဲ့တော့ မရေးဖြစ်ခဲ့ပါဘူး။ အမျိုးသားရေးလှုပ်ရှားမှုကြီးတွေ နှစ်ကြိမ်တိုင်တိုင် အရှင်လတ်လတ် တွေ့ကြုံခဲ့ရတော့ ဒီလက်အကြောင်းဟာလည်း “Replay” ဆန်ဆန် ကျမခေါင်းထဲကို ပြန်ပြန်ဝင်နေပါတယ်။ ဒီနေ့တော့ “လက်” အကြောင်း စာတိုလေး တစ်စောင်ရေးချင်နေမိတယ်။

“လက်”အကြောင်း မပြောခင် နည်းနည်းပါးပါး ၀န်ခံချင်ပါသေးတယ်။ ဒီအတွေးဟာ ကျမနဲ့ ကိုယ်ပိုင်အတွေးလို့ ပြောလို့မရပါဘူး။ ဘာလို့လဲ ဆိုရင် မြတ်စွာဘုရားရဲ့ အင်္ဂုတ္ထိုရ် မြန်မာပြန်ကို ဖတ်မိပြီးတဲ့နောက်မှ ဆင့်ပွားတွေး ခဲ့မိလို့ပါ။ လေရှည်တယ် မထင်ဘူးဆိုရင် နည်းနည်း ထပ်ပြောပါရစေ။ မြတ်စွာဘုရားက “မျက်စိ”နဲ့ ပတ်သက်လို့ အနုပညာ ဆန်ဆန် ဟောကြားခဲ့ဖူးပါတယ်။

၁။ မျက်စိနှစ်လုံးမြင် ပုဂ္ဂိုလ် = ပစ္စုပ္ပန် သံသရာအကျိုး နှစ်မျိုးကို သိသူ။ မိမိအကျိုး, သူတစ်ပါး အကျိုးကို သိသူ။

၂။ မျက်စိတစ်ဖက်မြင် ပုဂ္ဂိုလ် = ပစ္စုပ္ပန် အကျိုးကိုသာသိပြီး သံသရာအကျိုးကို မသိသူ။ ကိုယ်ကျိုးသာသိပြီး သူတစ်ပါးကျိုး မသိသူ။

၃။ မျက်စိစုံလုံးကန်း ပုဂ္ဂိုလ် = ဘာကိုမှ မမြင်ရသူ, တဲ့။

မြတ်စွာဘုရားရှင်ရဲ့ မျက်စိနဲ့ ပတ်သက်တဲ့ အဆုံးအမကို ဖတ်ပြီး “လက်”နဲ့ ပတ်သက်လို့ ဒီလို အတွေး နယ်ချဲ့မိပါတယ်။

ကံကြမ္မာရဲ့ တစ်စုံတစ်ရာ အမှားအယွင်း မရှိဘူးဆိုရင် ကျမတို့ လူသားအားလုံးမှာ လက်နှစ်ဖက်စီ ရှိကြပါတယ်။ ဒါဖြင့် ဒီလက်တွေက ဘာလဲ။ လက်နှစ်ဖက်ရဲ့ အဓိပ္ပါယ်က ဘာလဲ။ သူများတွေရဲ့ အောင်မြင်မှုကို လက်ခုတ်တီး ပေးရုံ သက်သက်ပဲလား။

လယ်သမား မိသားစုက ပေါက်ဖွားခဲ့ရတဲ့ ကျမအတွက် လက်နှစ်ဖက်ရဲ့ ဟန်ချက်ကို ဒီထက်ပိုပြီး တန်ဖိုးထားမိပါတယ်။

မှည့်ဝင်းနေတဲ့ စပါးခင်းကို ရိတ်သိမ်းဖို့ ဆိုရင်တောင် ဘယ်လက်နဲ့ စပါးပင်တွေကို စုကိုင်ပြီး ညာလက်နဲ့ တံစဉ်ကိုင်ပြီး ရိတ်ဖြတ်လိုက်ပါမှ အဲဒီစပါးတွေဟာ ကျမတို့ ထမင်းအိုးထဲကို ရောက်လာနိုင်မှာ မဟုတ်လား။

ကျမတို့မှာ လက်နှစ်ဖက်စီ ရှိကြတယ်။ အဲဒီလက်နှစ်ဖက်ဟာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ကိုယ်စီ ဆောင်နေရပါမယ်။ ဒါမှ လက်နှစ်ဖက်ရဲ့ တန်ဖိုး အစစ်ပါ။

ကျမယုံကြည်ပါတယ်။ “ညာ”လက်ဟာ မရသေးတဲ့ အခွင့်အရေးအသစ်တွေကို ရယူဖို့ဖြစ်ပြီး “ဘယ်”လက်ဟာ ကိုယ်ရခဲ့ပြီးသား အခွင့်အရေး ပိုင်ဆိုင်မှုတွေကို ကိုယ့်လောက် ပိုင်ဆိုင်ခွင့် မရှိသေးသူတွေကို ဖြန့်ဝေပေးဖို့ပါ။

မိမိထက် ကြီးကျယ် မြင့်မြတ်သူတွေရဲ့ လုပ်ဆောင်မှု၊ အောင်မြင်မှုတွေကို ကြိုးစားဖမ်းဆုပ်ဖို့ “ညာ”လက်ကို အသုံးပြုရသလို မိမိအောက်နိမ့်ပါးသူ၊ အတွေ့အကြုံ မရှိသေးသူတွေကို လက်တွဲ ခေါ်ယူဖို့ “ဘယ်”လက်ကိုလည်း အမြဲတမ်း အသုံးပြုနေကြမှာ ဖြစ်ပါတယ်။

“ညာ”လက်ကိုသာ ဖြန့်ကားပြီး “ဘယ်”လက်နဲ့ မဖြန့်ဝေဘူး ဆိုရင် ဒီလူဟာ “မသန်မစွမ်းသူ” စာရင်းထဲမှာ ထည့်ထားရမှာ ဖြစ်ပါတယ်။ သူဟာ အဘိုးအဘွား ဂျင်နရေးရှင်းကို ကျေးဇူးကန်းပြီး နယူးဂျင်နရေးရှင်းကို သစ္စာဖောက်သူပါ။ ဘိုးဘွားတွေရဲ့ အမွေအနှစ်တွေကိုသာ စားသုံးပြီး သားမြေးတွေကို လက်ဆင့် မကမ်းနိုင်၊ တွဲမခေါ်နိုင်ဘူး ဆိုရင် ဒီလူဟာ ကမ္ဘာ့ လူ့ယဉ်ကျေးမှုကို တာဝန်မကျေနိုင်သူ လူညံ့ တစ်ယောက်ပါပဲ။

ကျမတို့ အရှင်လတ်လတ် ကြုံတွေ့ခဲ့ရတဲ့ အမျိုးသားလှုပ်ရှားမှုကြီးတွေမှာ လက်တစ်ဖက်သာပါတဲ့ ဟင်ဒီကပ်တွေ တွေ့တွေ့နေရလို့ တော်တော်လေး စိတ်ပျက်မိပါတယ်။ ကျမတို့ နိုင်ငံရဲ့ မည်းမှောင်ကျတဲ့ သမိုင်းတိုတိုလေး ထဲမှာကိုပဲ မျိုးဆက်သုံးဆက်တွေ့ရပါတယ်။

၁။ နေ၀င်း ရောင်နီပျိုးချိန် ကျောင်းသား သမဂ္ဂမျိုးဆက်

၂။ နေ၀င်း နေ၀င်ချိန် (၈၈)မျိုးဆက်

၃။ သန်းရွှေ နေ၀င်ရီတရော ၂၀၀၇ ရွှေခြည်လင်းလက်မျိုးဆက်။

ကျမယုံကြည်ပါတယ်။ ကျောင်းသား သမဂ္ဂဘယ်လက်နဲ့ (၈၈)မျိုးဆက် ညာလက်ဟာ မြဲမြံနေရပါမယ်။ (၈၈)မျိုးဆက်ရဲ့ “ဘယ်”လက်ဟာလည်း (၂၀၀၇)မျိုးဆက်ရဲ့ “ညာ”လက်ကို လှမ်းတွဲထားရပါမယ်။ ဒါဆိုရင် ကျမတို့ လက်တွေဆီက အောင်မြင်မှုတွေ ရရှိလာမှာပါ။

ဘာမှမရဘူးဆိုရင်တောင် ကျမတို့ လက်တွေဟာ သမိုင်းကို တန်ဖိုးထားတဲ့, သိက္ခာရှိတဲ့ လက်တွေအနေနဲ့ ရင်ကော့ ခေါင်းမော့နိုင်မှာပါ။

ညီညွတ်တဲ့ လက်တွေရဲ့ ကျရှုံးခန်းဆိုတာ သမိုင်းမှာ ရှိဖူးလို့လား။ ဒီလက်တွေ မြဲမြံပါစေ။ သိက္ခာရှိကြပါစေ။ အတ္တမာနတွေ, ပုဂ္ဂလိက အယူအဆတွေကြောင့် ဒီလက်တွေ လျော့လျဲ မသွားပါစေနဲ့ လို့သာ။

ဆုထားမြတ်ခြယ် + ဇင်ဝေသော်

(အေ၊ အို၊ အေ၊ ဘီ)

အပြည့်အစုံဖတ်ရန်...

သတင်းပဒေသာ (၂၆-၁၂-၀၇)

- စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ပြန်ပြောင်း သုံးသပ်ချက်နှင့် အနာဂတ်အလားအလာ ခန့်မှန်းပြောဆို ချက် click
- ရဟန်းတော်များနှင့် ထောင်သားများကို မြန်မာက ဘင်္ဂလာသို့ လွှဲပြောင်း click

အပြည့်အစုံဖတ်ရန်...

ကျေးဇူးတင်ပါတယ် “ခြုံပုတ်ကြီး”ရယ်။



ရွာငယ်ဇနပုဒ် မီးလေး မှိတ်တုတ်မှာ မွေးဖွားခဲ့ရတဲ့ ကျွန်တော့်အတွက် ခြုံပုတ်နဲ့ အလွန်ခိုင်မာတဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ စကားရိုင်းသွားရင် ခွင့်လွှတ်ပါ။ အဲဒီခြုံပုတ်ဟာ ကျေးလက်က ကလေးတွေအတွက် အိမ်သာတစ်လုံးရဲ့ တာဝန်ကို ယူထားရသလို အဲဒီခြုံပုတ်ကပဲ ကျေးလက်က သားပျို၊ သမီးပျိုတွေအတွက် မီးရောင်ပျပျသာရှိတဲ့ အနီရောင် ကာရာအိုကေ ခမ်းမအဖြစ်လဲ ရှိနေတတ် ပြန်ပါသေးတယ်။

ကျေးဇူးတင်ပါတယ် “ခြုံပုတ်ကြီး”ရယ်။
တန်ဆောင်မုန်းလ မိုးတွေ စွေပြီးပြီဆိုရင် အဲဒီ ခြုံပုတ်တွေထဲကပဲ မှိုတွေရနိုင် ပါသေးတယ်။

တစ်ခါတစ်ခါ တောလိုက်မုဆိုးတွေ မုဆိုးအလိုကျ ခွေးဆိုးတွေရဲ့ ရန်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေရရှာတဲ့ ယုံသူငယ်လေးတွေရဲ့ ရဖျူးဂျီ-ခိုလှုံရာ ရပ်ဝန်းလည်း ဖြစ်နေတတ် ပြန်သေးရဲ့။

ခြုံပုတ်ရဲ့ သစ္စာရှိတဲ့ အလှတရားတွေကို ကလေးဘ၀ကထဲက အသိအမှတ်ပြုခဲ့ဖူးတယ်။ အထူးသဖြင့်တော့ ခြုံပုတ်ဟာ အမြဲစိမ်းနေခြင်းပါပဲ။ ခြုံပုတ်ဟာ သစ်ရွက်ကြွေချိန် သီးခြားမထားသလို သစ်ရွက်ဝေချိန်ရယ်လို့လည်း စကက်ဂျူး ဆွဲထားတာ မရှိပါဘူး။ ဒါတွေဟာ ကျွန်တော် သတိထားမိတဲ့ ခြုံပုတ်တစ်ခုရဲ့ အလှနဲ့ ဘ၀ပါပဲ။

ဒီနေ့, ပိုပြီး တိတိကျကျပြောရရင် ဒီဇင်ဘာ ၂၀ရက် ၂၀၀၇ခု၊ ကြာသပတေးနေ့, ဒီနေ့ ကျွန်တော်တို့ အားလုံး လေးစားသင့်တဲ့ ခြုံပုတ်အကြောင်း ST သတင်းထဲမှာ တွေ့လိုက်ရပါတယ်။ သူကတော့ အမေရိကန် သမတကြီး Bush ပါပဲ။ Bush လို့ပြောရင်လည်း ရပါလျက်နဲ့ သူ့ရဲ့ မြန်မာအစိုးရအပေါ်ထားတဲ့ ခံယူချက်ကို လေးစားလွန်းလို့ ကျွန်တော် လေးစားတဲ့ ခြုံပုတ်နဲ့ နှိုင်းပြီး ချစ်စနိုးနဲ့ “ခြုံပုတ်ကြီး”လို့ ခေါ်လိုက်မိတာပါ။

ထပ်ပြောပါရစေ။ ကျေးဇူးတင်ပါတယ် “ခြုံပုတ်ကြီး”ရယ်။

အချိုးအဆက်ကျကျ မြန်မာဆိုတဲ့ အပျိုမလေးကို သွားရေတများများနဲ့ ဖြစ်နေတဲ့ အာစီယံ သဘာပတိ ယုန်မင်း၊ ဗိုက်ရွှဲရွဲပေါက်ဖော်၊ ပါသိုင်းမွှေးကားကားနဲ့ ကျာကူလီကုလား၊ အထည်ကြီးပျက် အနံကြီးကွင်းကျယ် ရုရှား, ဒီလို သာပေါင်းညာစား မသမာသူ လူတွေကြားထဲမှာ ခြုံပုတ်ကြီးရဲ့ သဘောထားဟာ အကိုရင်း တစ်ယောက်လို နွေးထွေး နူးညံ့လွန်းလှတယ်။ ကဲ... ကြည့်ပါ။

“စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ဒါမှမဟုတ် သူတို့ စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံလိုက်ခြင်းအားဖြင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးကို စိတ်ဓါတ်အကြီးအကျယ် ကျသွားအောင် လုပ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်”တဲ့။

ဒါကြောင့် “ခြုံပုတ်ကြီး”ကို ကျွန်တော် ချစ်သွားတာပါ။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးနဲ့ ခံစားချက်တွေကို မျှဝေခံစားနိုင်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ “ခြုံပုတ်ကြီး”တို့ လင်မယား ရှေ့ဆုံးက ပါကြပါတယ်။ တစ်ချို့မြန်မာတွေကတော့ ဘင်္ဂလားပင်လယ်အော်ကို စစ်သင်္ဘောတွေ မလွှတ်ရပါ့မလားလို့ အားမလို အားမရ ဖြစ်နေကြပါတယ်။ တကယ်တမ်း စစ်သင်္ဘောလွှတ်ဖို့ကလည်း ခိုင်လုံတဲ့ အကြောင်းပြချက်က မရှိဘူးလို့ တော်တော်များများက ယုံကြည်ထားကြပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျာကူလီ အပြုံးတွေနဲ့ ရင်းနှီးနေရတဲ့ ကျွန်တော်တို့ အတွက်ကတော့ “ခြုံပုတ်ကြီး”ရဲ့ အပြုံးဟာ အကိုရင်း ဆန်လှပါတယ်။ ဒါကို (ကျေးဇူးပြုပြီး) မငြင်းကြပါနဲ့။

“တက္ကဆက်မှာပဲဖြစ်ဖြစ်၊ စင်္ကာပူပဲဖြစ်ဖြစ်၊ အခြား ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လွတ်လပ်ရေးအတွက် ဆန္ဒပြ တောင်းဆိုကြတဲ့ ရဟန်းသံဃာနဲ့ ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်ခဲ့တဲ့ ဒီလို စစ်အစိုးရနဲ့ တွေ့ဆုံဖို့ သမ္မတကြီးကို ကမ်းလှမ်းရတာဟာ အလွန်ခက်ခဲလှပါတယ်”

“ဘယ်နေရာမှာပဲ တွေ့ဆုံနွေးနွေးပွဲလုပ်လုပ် ဒီစစ်အစိုးရခေါင်းဆောင်တွေနဲ့ တစ်ခန်းထဲမှာ အတူတူထိုင်ဖို့ သမတကြီး ဘု(ရှ်)မှာ အစီအစဉ်မရှိပါဘူး။”

ဒီလောက်ဆိုရင် ခင်ဗျားတို့လည်း ခြုံပုတ်ကြီးကို ချစ်သွားကြလောက်ပြီလို့ ယုံကြည်ပါတယ်။

မြန်မာစစ်အစိုးရအပေါ် ဘာမှအရေးမယူခဲ့တဲ့ အာစီယံ လူလည်ကြီးများ ဆွေးနွေးပွဲ ဖိတ်ကြားထားပြီးမှ ၀င်ခွင့် မပြုခဲ့တဲ့ မစ္စတာ ဂမ်ဘာရီရဲ့ ကိစ္စ၊ ဒါတွေကို ဘာမှ ၀င်မပြောခဲ့ပေမယ့် သူလုပ်ခွင့်ရတဲ့ လုပ်ပိုင်ခွင့်ကိုတော့ ပြတ်ပြတ်သားသားလုပ်ပြခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်။ အာစီယံ သာပေါင်းညာစားတွေနဲ့ တွေ့ဆုံဖို့ ကိစ္စကို ခြုံပုတ်ကြီးက ရှင်းရှင်းပြောပြီး ပယ်ချခဲ့ပါတယ်။ ခြုံပုတ်ကြီးနဲ့ အသည်းအသံတွေချင်နေတဲ့ သဘာပတိ ယုန်မင်းတို့၊ အယုဒ္ဓယသားတို့ အဖို့မှာတော့ ရတောင့်ရခဲ အခွင့်အရေးကို မကောင်းဆိုးဝါး စစ်အစိုးရကြောင့် လက်လွတ်ခဲ့ရ ရှာပါတယ်။ တွေ့ဆုံဖို့ ပယ်ဖျက်ရတဲ့ အကြောင်းကလည်း ရှင်းရှင်းလေးပါ။ မကောင်းဆိုးဝါးတွေနဲ့ တစ်ခန်းထဲ အတူမထိုင်နိုင်လို့တဲ့။ ရှက်တတ်ရင်တော့ ရှက်စရာကြီးပေါ့။ မရှက်တတ်တော့လည်း (ရှက်ရမှန်းကို မသိတော့လည်း) ဘာမှ မဖြစ်တော့ဘူးပေါ့။

အာစီယံနဲ့ တွေ့ဖို့ ခြုံပုတ်ကြီးက ပယ်ဖျက်ရာမှာ နှစ်ဖက်စလုံးမှာ အနည်းနဲ့ အများ ဆုံးရှုံးမှုတွေ ရှိကြပါတယ်။

အာစီယံဒေသတွင်းမှာ အမေရိကရဲ့ ရင်းနှီးမြှတ်နှံမှု အားနည်းနေတဲ့အတွက် အာစီယံနဲ့ ပူးပေါင်းပြီး ဒီထက် ရင်းနှီးမြှတ်နှံမှုတွေ လုပ်ကြဖို့ မကြာသေးခင်ကမှ အမေရိကန် စီးပွားရေး ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။ အာစီယံနဲ့ ခြုံပုတ်ကြီး တွေ့ဆုံဆွေးနွေး လိုက်ခြင်းအားဖြင့် ဒီကိစ္စကို ဖြေရှင်းလိုက်နိုင်ပါတယ်။

ဒီနေရာမှာ သိသာတဲ့ အချက်က စီးပွားရေးတစ်ခုထဲကြောင့်တော့ သူ့ရဲ့ နိုင်ငံရေးခံယူချက်ကို မပြင်နိုင်ဘူးဆိုတဲ့ ခြုံပုတ်ကြီးရဲ့ အမြဲစိမ်းဝါဒကို တွေ့ရခြင်း ဖြစ်ပါတယ်။ ပေါက်ဖော်တို့၊ ကုလားတို့၊ (ကြက်ဥ)ပူတင်းတို့ဆီမှာ ဒီလို လူသားဆန်တဲ့ အမြင် မတွေ့ရ နိုင်ပါဘူး။ စီးပွားရေးအတွက် သူတို့ရဲ့ သိက္ခာကို ရောင်းချဖို့ သူတို့ ၀န်မလေးကြဘူးဆိုတာ ကျွန်တော်တို့ ရာစုနှစ်ချီပြီး သိခဲ့ရပြီးပါပြီ။

ဒါလေးတွေကတော့ “Plans for Bush-Asean Sumit hit brick wall”ဆိုတဲ့ သတင်းဆောင်းပါးလေးကို ဖတ်ရင်း ခြုံပုတ်ကြီးကို လေးစားလွန်းလို့ (သမတ အနေနဲ့မဟုတ်ပါ၊ လူသားတစ်ယောက်အနေနဲ့ပါ) ရေးမိတဲ့ တောင်ရောက် မြောက်ရောက် ဆောင်းပါး အတိုလေးပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ခြုံပုတ်ကြီးကို ကျေးဇူးတင်ပါတယ်။

စာကြွင်း။ ခြုံပုတ်ကြီးလို့ “ကြီး”ထည့်ပြီး ဘာသာ ပြန်လိုက်တာက အမေရိကန် သမတကြီး ဖြစ်နေလို့ မဟုတ်ပါ။ Bush လို့ B-ကို ကပီတယ်လက်တာ နဲ့ တွေ့ရလို့ ဂရမ္မာကို လေးစားပြီး “ခြုံပုတ်ကြီး”လို့ ပြန်ဆိုရခြင်းပါ။

ဇင်ဝေသော်

(အေ၊ အို၊ အေ၊ ဘီ)

အပြည့်အစုံဖတ်ရန်...

ဒိုင်နိုဆော မျိုးတုံးပျောက်ကွယ်ခဲ့သလို... အပိုင်း (၃)


အယ်ဒီတာ့ရွာ (၁၂)

နိုင်ငံတော် အစိုးရဆိုတာ ပါးနပ်ရပါတယ်။ လိမ်လို့ရတာကို လိမ်ပြီး လိမ်လို့မရတာကို ပြည်သူကို ဖွင့်ပြ တောင်းပန်ရပါတယ်။ ကလင်တန်တို့ကြည့်ပေါ့။ လိမ်လို့ရတာကို ဖုံးဖိပြီး လိမ်လို့မရတဲ့ မော်နီကာ လူးဝစ်(စ)ကီး ကိစ္စကျတော့ တောင်းပန်လိုက်တာပဲ။ တိုင်းပြည်ကလည်း တောင်းပန်လိုက်တော့ ကျေအေးသွားတာပဲ။ သန်းရွှေက ကလင်တန်လောက် မနပ်ဘူးလို့ပြောရင် နှိုင်းရမလားလို့ စာဖတ်ပရိသတ်က ကျွန်တော့ကို ဆဲကောင်း ဆဲနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် သန်းရွှေက နိုင်ငံတော်ရဲ့ လူကြီးလေ။ ဒိုင်နိုဆောလို တိုက်တစ်လုံးကို ခြေထောက်နဲ့ နင်းပြီး ဖျက်တတ်ရုံနဲ့တော့ ဘယ်ဟုတ်ပါ့မလဲ။ အခုတော့ ဒီအတိုင်းကို ဖြစ်နေတာ။ မြန်မာ့ ဘလောက်ဂါတွေ ကနေတဆင့် ကမ္ဘာကို ပြန့်သွားတဲ့ ဓါတ်ပုံတွေကို လိမ်ဖို့ ကြိုးစားတာဟာ တော်တော်လေး မိုက်ရူးရဲဆန်တဲ့ ကိစ္စပါ။ ဂျပန်သတင်းထောက်ကို ပစ်သတ်လိုက်တာကိုလည်း တောင်းပန်စကား ပြောဖို့အနေနေ သေသွားတဲ့လူကိုပဲ အမှုဖွင့် တရားစွဲတော့မလို ကောက်လုပ်ချပြန်ပါတယ်။ နွားကျောင်းသားတောင်မှ ဒီလောက် ပေါ်လစီ ညံ့မယ် မထင်ပါဘူး။

သူတို့ကသာ ဂျပန်အစိုးရကို တရားဝင် တောင်းပန်စကားပြောလိုက်ရင် ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သူတို့နဲ့ ဂျပန်အစိုးရရဲ့ ဆက်ဆံရေးဟာ ကျန်းကျန်းမာမာ ပြန်ဖြစ်သွားနိုင်ပါတယ်။ ဂျပန်တွေကလည်း ဒုတိယ ကမ္ဘာစစ်က ဒီလိုပဲမဟုတ်လား။ ဒီထက် အများကြီး ပိုရက်စက်ပါတယ်။ ဒါပေမယ့် လျှော်ကြေးတွေပေး၊ တရားဝင် လက်နက်ချ၊ တောင်းပန်စကားဆို နောက်ဆုံးတော့ ပြီးသွားတာပဲ။

သင်္ဃန်းပတ်လျက် ဆံပင်မရှိသေနေတဲ့ အလောင်းကို ဘုန်းကြီးမဟုတ်ဘူး ပြောလိုပြော၊ တစ်သိန်းကျော်တဲ့ ရဟန်းတွေကို ရဟန်းအတုတွေပါလို့ စွပ်စွဲလို စွပ်စွဲ။ ပေါ်လစီကို လုံးဝကို မကျွမ်းကျင်တဲ့ ချာတူးလန် အစိုးရပါပဲ။

သဘာ၀၀န်းကျင်နဲ့ သဟဇာတဖြစ်ပြီး ဘယ်လို survive ဖြစ်အောင် လုပ်ရမယ်လို့ မသိတဲ့ ဒိုင်နိုဆောတွေလို့ ပါပဲ။ ဒီကောင်တွေလည်း ကမ္ဘာနဲ့ ဘယ်လို သဟဇာတဖြစ်ပြီး ဘယ်လို survive ဖြစ်အောင် လုပ်ရမယ်ဆိုတာ လုံးဝ မသိရှာပါဘူး။ ဒီတော့ အနှေးနဲ့ အမြန်ပါပဲ။ ဒီကောင်တွေ (ဦးနှောက်မဲ့ သတ္တ၀ါတွေ)ဟာ မျိုးတုံး ပျောက်ကွယ်ရမှာ မလွဲပါဘူး။

အဲ..မေ့လို့။ သူတို့ ဖြေရှင်းနည်း တော့ရှိပါတယ်။ ဒါကတော့ ပစ်သတ်လိုက်တဲ့နည်းပါး ဘယ်လောက်ပညာပါသလဲ.. တကဲ့ ဒိုင်နိုဆောပါပဲဗျာ။

၃။ အနိုင်ကျင့်လွန်းတဲ့ ဒိုင်နိုဆောတွေဟာ သတ္တ၀ါမျိုးကွဲ အားလုံးရဲ့ “ဘုံရန်သူ” ဖြစ်သလို ဒီနေ့ စာပို့သမားတို့ အုပ်စုကလည်း တကဲ့ ကမ္ဘာ့ ဘုံရန်သူပါပဲ။ မြန်မာနိုင်ငံနဲ့ မိုင်ထောင်ချီဝေးတဲ့ ဥရောပနဲ့ အမေရိက က လူတွေကတောင် သူတို့ကို သေစေချင်နေကြပြီ။ (၅၂)သန်းကျော် မြန်မာလူထုဆိုတာကတော့ ပြောမနေပါနဲ့တော့။ အာစီယံက နားရွက်ကားကား သဘာပတိ ယုန်မင်းတို့ကလည်း တော်တော်လေး ကြည့်မရတော့ ဖြစ်နေကြပါပြီ။ ခက်တာက ဟိုကောင်တွေက သူတို့ထက် ပိုမိုက်ရူးရဲဆန် နေတော့ ယှဉ်ပြီး မမိုက်ရဲဘူး ဖြစ်နေကြရတာပါ။ ဘာပဲပြောပြော အာစီယံကို ဖျက်မဲ့ ဒိုင်နိုဆောအုပ်စု ဆိုတာကိုတော့ ယုံမင်းတို့အားလုံး သဘောတူ လက်ခံထားကြပြီး သားပါ။

ကုလ သမဂ္ဂကိုယ်စားလှယ်တွေကို ရန်ထောင်လိုက် နှင်ထုတ်လိုက်နဲ့ လုပ်နေတော့ မစ္စတာဘန်ကလည်း ကြည့်မရတော့ ဖြစ်နေမှာပေါ့။ အမေရိကန်ဆိုရင် မဆီမဆိုင် ရန်ထောင်တိုင်း သူ့နံမည်ပါနေရရှာတယ်။ မမှုလောက်လို့သာ တုန့်ပြန် မနေတာ မဟုတ်လား။

သူတို့ရဲ့ ရန်သူလိုလို၊ မိတ်ဆွေလိုလို ကောင်တွေလည်း ရှိသပေါ့။ တရုပ်နဲ့ ကုလား။ မြန်မာက တရုပ်ကုလား နှိပ်စက်တာကို ခံခဲ့ရပေါင်းများလှပြီ။

တရုတ်ကလည်း ကွန်ဖြူးရှပ်ကလွဲရင် လူကောင်း သိပ်ရှိတာမဟုတ်။ ကုလားကလည်း ဘုရားနဲ့ ဂန္ဓီကြီးကလွဲရင် အမှီးရ အမှီးစား၊ ခေါင်းရခေါင်းစား။ သူတို့ကကိုပဲ ဒိုင်နိုဆောရဲ့ မိတ်ဆွေလို့ ပြောလို့မရဘူး။ အရေးရယ်အကြောင်းရယ်ဆိုရင် ချာတူးလန် အစိုးရတွေက ချာတူးလန် အဆုံးအဖြတ်ပဲချသွားမှာပါ။ ဒီအစိုးရတွေကလည်း ကမ္ဘာ့ အဆင့်မှာတော့ သိက္ခာ မရှိလှပါဘူး။

ဒီကိစ္စက မြန်မာတွေနဲ့ တော်တော်ပတ်သက်နေပါတယ်။ ပြည်ပမှာရှိတဲ့ အစိုးရတိုင်းက ဒိုင်နိုဆောတို့အပေါ် မေ့မသွားအောင် ပြည်တွင်းကရော၊ ပြည်ပကပါ ကြိုးစားနေကြရမှာ ဖြစ်ပါတယ်။ သေချာပါတယ်။ ဒီကောင်တွေကို မုန်းသူတွေ ပိုပိုများလာမှာပါ။ အားလုံးရဲ့ ဘုံရန်သူဖြစ်မှတော့ အနှေးနဲ့ အမြန်ပါပဲ။ ဒီကောင်တွေ မျိုးတုံးရတော့မှာပါ။

တရုတ်ရဲ့ အိုလံပစ်ကို ပစ်မှတ်ထားကြရပါမယ်။ အမေရိကနဲ့ ဥရောပက မြန်မာတွေနဲ့ မြန်မာအရေး စိတ်ဝင်စားသူ နိုင်ငံခြားသားတွေက ဒီကိစ္စကို သိထားကြ ပြီးသားပါ။ ကွန်ဖြူးရှပ်မျိုးဆက်တွေ ဘယ်လို တုန့်ပြန်မလဲဆိုတာသာ စောင့်ကြည့်ရမှာပါ။

၎။ အတ္တဘောကကြီးလွန်းတော့ ကမ္ဘာသေးသွားရတဲ့ ဒိုင်နိုဆောတွေလို ပိန်ကပ်ကပ် မြန်မာနိုင်ငံလေးအတွက် စစ်တပ်က ကြီးလွန်းတယ်။ ဒီကောင်တွေက စစ်တပ်ကို ကြီးနိုင်သရွေ့ကြီးအောင် တည်ဆောက်နေကြတယ်။ အဆမတန် ကြီးလာပြီဆိုရင်တော့ ဒီစစ်တပ်ပဲ ပြိုကွဲသွားမှာ ဖြစ်ပါတယ်။

ဒိုင်နိုဆော သန်းတစ်ထောင်ဆိုတာ ရီစရာမဟုတ်ပါဘူး။ ဒီနေ့ မြန်မာစစ်တပ်က အဲသလို ဖြစ်နေပါပြီ။

အကြံပေးခွင့်ရရင် မြန်မာအမျိုးသားတွေကို အကြံပေးချင်ပါတယ်။ အားလုံး လူလွတ်တွေ ဘုန်းကြီးဝတ် မနေကြပါနဲ့။ စစ်တပ်ထဲသာဝင် လိုက်ကြပါ။ စစ်သားဦးရေ သန်း(၂၀)ဆိုပါစို့, ဒီကောင်တွေ ဘယ်လိုလုပ် ထိမ်းသိမ်းမလဲ။ အခု-စစ်သားတွေ နင်းကန်ပြီး စုစောင်းနေကြတယ်။ အဲဒါက ကိုယ့်ဖင်အောက်က ဗုံးကို စနက်တံ ဖြုတ်နေတာဆိုတာ ဒီကောင်တွေ မသိကြဘူး။ စစ်ထဲဝင်ကြပါ... ၅သိန်းကနေ တစ်သန်း မပြည့်ခင်မှာ ဒီစစ်တပ် ကမောက်ကမ ဖြစ်လာမှာ သေချာပါတယ်။

ကမ္ဘာကို ပြန်ကြည့်တော့...

ပိုလန်နဲ့ အရှေ့ ဥရောပ တစ်ချို့က ဒိုင်နိုဆောတွေ ကျောက်ဖြစ်ရုပ်ကြွင်းတွေ ဖြစ်ကုန်ပြီ။

အီရတ်က ဟူစိန်ဆိုတဲ့ ဒိုင်နိုဆောလည်း ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားခဲ့ရပြန်ပြီ။

“ဟေ့ကောင် သန်းရွှေ ဒိုင်နိုဆော, မင်းဘယ်လောက်ခံမလဲ”လို့ သိပ္ပံပညာရှင်တွေက မေးနေကြပြီ။ သုတေသန လုပ်ချင်လို့တဲ့။

ယုံကြပါ။

ဒိုင်နိုဆော တစ်ကောင်ပဲ ကျန်ပါတော့တယ်။ မကြာခင် သူသေဆုံးရတော့မှာပါ။ ဒီနေ့ကမ္ဘာဟာ ဒိုင်နိုဆော လက်မခံတော့ပါဘူး။

ဇင်ဝေသော်၊ ဆုထားမျက်ခြယ်

(အေ၊ အို၊ အေ၊ ဘီ)

အပြည့်အစုံဖတ်ရန်...

Singapore တရားပွဲ ကျင်းပတော့မည်၊

အပြည့်အစုံဖတ်ရန်...

သံဃာတော်များ၏ အင်အား

(ဧရာဝတီသတင်းဌာနမှ ကောက်နှုတ်တင်ပြသည်။)

ဗုဒ္ဓမြတ်စွာ ရှင်တော်ဘုရားက လောကီရေးကိစ္စများနှင့် ကင်းကင်းရှင်းရှင်း နေခဲ့သော်လည်း သူ၏ သွန်သင်ဟောကြားချက် များက နိုင်ငံရေးကျင့်စဉ်တွင် ကောင်းမွန်သော အစိုးရစနစ်နှင့် ကောင်းမွန်သော အုပ်ချုပ်သူများ လိုအပ်ကြောင်း အလေးပေး ဟောကြားထားခဲ့ပါသည်။

မူရင်းစာမျက်နှာဖတ်ရန်...

ငွေကြာရံ ဘုန်းကြီးကျောင်းအား မတရား ၀င်ရောက် ဖျက်ဆီးသော ရုပ်သံကြည့်ရန်